စက်တင်ဘာ ၄။
ရန်ကုန်-ပြည်- မကွေး လမ်းမကြီး ဖြတ်သန်းသွားရာ အောင်လံမြို့ အ၀င်ရှိ မက်(စ်) မြန်မာကုမ္ပဏီ မြို့ဝင် ကြေးနှင့် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အား မြို့တောင်ဘက် (၁၀)မိုင်ခန့် အကွာရှိ
ဗွက်ကြီးတံတား အနီးသို့ ပြောင်းရွှေ့ ကောက်ခံကြောင်း ၎င်းဂိတ်မှ သိရသည်။
“အရင်ဝန်ကြီးဌာန သတ်မှတ်ချက်မှာ ပါရှိပြီးသားမို့ပါ။ အခု လိုအပ်တဲ့ အဆောက်အဦးတွေ တည်ဆောက်ပြီးသွားလို့ ပြောင်းရွှေ့လိုက်တာပါ”ဟု ကုမ္ပဏီလမ်းပိုင်း မန်နေဂျာ ဦးသန်းထွန်းက ပြောသည်။
မက်(စ်)မြန်မာ ကုမ္ပဏီ အနေဖြင့် ရန်ကုန်-ပြည်-မကွေး လမ်းမကြီးအား ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ BOT စနစ်ဖြင့် ရယူခဲ့ပြီး ယခုနှစ် ဇူလိုင်လ နောက်ပိုင်းတွင် ပြည်-အောင်လံ-မကွေးပိုင်းအား
တစ်မိုင်လျှင် (၅)ကျပ်နှုန်း စတင် ကောက်ခံခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အထက်ပါဂိတ်သည် အောင်လံမကွေးဘက်မှလာသော ကားများအတွက် ဗွက်ကြီးတံတား ဖြတ်သန်းခနှင့် အောင်လံ- ပြည်လမ်း အသုံးပြုခ ကောက်ခံပြီး ရန်ကုန်- ပြည်ဘက်မှ လာသော ကားများအား
မြို့ဝင်ကြေးနှင့် တံတားကြေးအဖြစ် ကောက်ခံသော ဂိတ်ဖြစ်ကြောင်းလည်း ဆက်လက် သိရသည်။
0 comments:
Post a Comment
သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)