ထိုမှတစ်ဖန် ကိုလိုနီခေတ်တလျှောက် "အာလံ" ဟုခေါ်ဝေါ်ခဲ့ကြပြန်ပါသည်။ တစ်ခါ ဖ.ဆ.ပ.လ ခေတ်ဝယ် "အောင်လံ" ဖြစ်ခဲ့ရပြန်သည်။ ထို့နောက်လမ်းစဉ်ပါတီခေတ်ဝယ်
ငယ်နာမည်အတိုင်း "မြေထဲ" ဖြစ်ရပြန်၏။ ဟော...ယခုမျက်မှောက်ခေတ်ဝယ် "အောင်လံ" ဟုဖြစ်ခဲ့ရပေပြီ။
သမိုင်းအစဉ်အလာကြီးမားသည်ဟုပဲ ဆိုရမလား .. သမိုင်းကြောင်းရှုပ်ထွေးသည်ဟုပဲ ပြောရမလား..အောင်လံမြို့ဟုဆိုလိုက်ပါကခေတ်အဆက်ဆက်ဝယ် အမည်အမျိုးမျိုးတွင်ခဲ့သော မြို့ဖြစ်ကြောင်းအမှတ်ထင်ထင် တွေ့မိကြပေလိမ့်မည်။
အောင်လံမြို့နှင့်ပတ်သက်၍ အောက်ပါအချက်အလက်များကို တင်ပြသွားမည်ဖြစ်ပါသည်။ တင်ပြမည့်အချက်အလက်များနှင့်ပတ်သက်၍ အောက်ပါခေါင်းစီးများအတိုင်း အခန်းကဏ္ဍအလိုက် ဖော်ပြသွားပါမည်။
၁။ စကု၊ စလင်းနှင့်မြန်မာလင်းချောင်းဒေသ
၂။ ဆံပုံတောင်နှင့်ဆင်ပေါင်ဝဲမြို့ဒေသ
၃။ အောင်လံမြို့နှင့် မြေထဲဒေသ
၎။ ပဒေသရာဇ်ခေတ်၏လက်ကျန် မြေထဲမင်း ဖိုးရွှေပုလင်းနတ်
၅။ ခေတ်သစ်အောင်လံမြို့
ဝန်ခံရန်တစ်ခုတော့ရှိပါသည်။ အကြာင်းမှာ ယခုဖော်ပြပါအချက်များသည် မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် တီထွင်ရေးသားထားခြင်းမျိုးမဟုတ်ပဲ ဆရာတော်ကြီးများ၊ ဂေါပကလူကြီးများ၊ စာပေပညာရှင်များ၊ သက်ဆိုင်ရာဒေသခံလူကြီးမင်းများထံမှ ကြားနာမှတ်သားဖူးသမျှကို ဆက်စပ်၍ မှတ်တမ်းပြုခြင်းမျှသာ ဖြစ်ပါသည်။အထူးသဖြင့် တကောင်းရာဇ၀င်မှစ၍ လွတ်လပ်ရေးရသည့်ကာလအထိ အကြောင်းအရာများကို စီကာပတ်ကုံး ပြောပြနိုင်စွမ်းသော မိမိတို့၏ ငယ်ဆရာဖြစ်သည့်ဆင်ပေါင်ဝဲမြို့မှအငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြသိန်း၊ တောင်ကျောမှ ငမှင်နှင့်ငထင်တို့ နွားကျောင်းရင်းရန်ဖြစ်သည်ကိုပင် ...
တောင်ကျောမှာဗျာ
တစ်ခါကကြုံဖူး
ငမှင်ကို ငထင်နှက်တယိ
သွေးထွက်လို့မူး
ဟု လက်တန်းကျ စပ်ဆိုနိုင်လောက်အောင် ၀ါသနာကြီးလှသည့် ဆင်ပေါင်ဝဲမြို့နယ်၊ ဒင်းပုန်းကျေးရွာမှ လေးချိုးဆရာကြီး ဦးစံထိုက်
ဤဆောင်းပါးပေါ်ပေါက်လာနိုင်ခြင်းအတွက် အဆိုပါဆရာကြီးတို့၏ ကျေးဇူးလည်းမကင်းကြောင်း ၀န်ခံသမှုပြုရပါမည်။
ထိုဆရာကြီးတို့ပြောပြခဲ့သော ဒေသန္တရ စကားရပ်များမှာ ရာဇ၀င်ကျမ်းကြီးတို့တွင် မပါဝင်သော်လည်း အကိုးအကားအထောက်အကူပြုနိုင်လောက်အောင် ခိုင်လှုံမှု ရှိလှပါသဖြင့် ကြားနာမှတ်သား ဆောင်ထားလိုက ဆောင်ထားနိုင်ပါစေရန် မှတ်တမ်းပြု ဖော်ပြအပ်ပါတော့၏။
Credit - အောင်လံသုခိတာ
0 comments:
Post a Comment
သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)