Sep 1,2013
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလူငယ် ညီလာခံ ကျင်းပရေး ကော်မရှင်က အောင်လံမြို့နယ်
လူငယ်ကျင်းပရေး ညီလာခံ ကော်မရှင် အဖြစ် အဖွဲ့ဝင် (၁၅) ဦးပါဝင်သော အဖွဲ့အား သြဂုတ်လ (၃၀)ရက် ရက်စွဲဖြင့် အတည်ပြုစာရင်း ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
အထက်ပါ မြို့နယ် လူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား တိုင်းဒေသကြီး လူငယ်ညီလာခံကျင်းပရေး ကော်မရှင်နှင့် မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ပါတီဝင်များ ညှိနှိုင်း ဆုံးဖြတ်မှုဖြင့် ဗဟိုကော်မရှင်သို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း တိုင်းကော်မရှင်အဖွဲ့ဝင် ဦးမြတ်ကိုက ပြောသည်။
ကော်မရှင်များရွေးချယ်ရာတွင်လည်း လူငယ်လုပ်ငန်း အတွေ့အကြုံရှိသူ ၊ ညီလာခံ အတွေ့အကြုံရှိသူ ၊အဖွဲ့ချုပ်မူဝါဒနှင့် လုပ်ငန်းစဉ်များကို နားလည်ပြီး အဖွဲ့ချုပ်အပေါ်သစွာစောင့်သိသူ ၊ တိုင်းရင်းသား အမျိုးသမီးနှင့် လူကြီးလူငယ်ကြား နားလည်ပြီး ဆက်ဆံရေး ပြေပြစ်သူ စသည်အချက်များဖြင့် ကိုက်ညှိပြီး ဆွေးနွေးတိုင်ပင်ကာ ရွေးချယ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ယင်းကပင် ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းကာလများကပင် အဖွဲ့ချုပ် လူငယ်ညီလာခံများအား သီးခြားကျင်းပမည်ဟု ပြောကြားခဲ့ပြီး ဇူလိုင်လ (၉) ရက်နေ့က အဖွဲ့ဝင် (၂၄) ဦးပါဝင်သော ဗဟိုလူငယ်ညီလာခံ ကျင်းပရေး ကော်မရှင်အား ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လူငယ်ညီလာခံ တက်ရောက်ရွေးချယ်ခံခွင့်နှင့် မဲပေးခွင့်အား ၊ အသက် (၁၆) နှစ်မှ (၃၅)နှစ်အတွင်း သတ်မှတ်ထားပြီး ညီလာခံများအား ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ကျင်းပပြီး ဇန်န၀ါရီလတွင် တစ်ပြည်လုံး အပြီးကျင်းပနိုင်မည်ဟု ခန့်မှန်းထားကြောင်းကိုလည်း ဦးမြတ်ကိုကပင် ပြောသည်
မြန်မာ့ခေတ် Newa Agency မှ (ကို)လင်းသက်၏ သတင်းအား ပြန်လည်ကူးယူ ဖော်ပြပါသည်
အောင်လံမြို့တော် - { News Of Aung Lan }

0 comments:
Post a Comment
သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)