စက်တင်ဘာ ၃။
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ရထားပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သရက်ခရိုင်ရုံးမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲ တစ်နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ (စစ်ဆေးရေးမှူး-၃)
ဦးဌေးဝင်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တ၀င့် ရှင်းလင်း ဆွေးနွေးပြီး လမ်းညွှန်အမှတ်အသားများ
နှင့်တကွ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)