အောင်လံမြို့တော် - { News Of Aung Lan }

အောင်လူငယ်လေးများဆုံဆည်းရာ

အောင်လံ - တောင်တွင်း ရထားလမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

စက်တင်ဘာ ၁၆။




                    အောင်လံ- တောင်တွင်းရထားလမ်းပိုင်းရှိဧကရာဇ်ရဲစခန်းအနောက်မြောက်ဘက် ဧကရာဇ်ကျေးရွာနှင့်ထောက်မ ကျေးရွာအုပ်စု၊ဂွေးချိုကျေးရွာ ကြား ခန့်မှန်း မ.ပ.ည (GS 430675 မိုင်တိုင်အမှတ် ၂၁၈ နှင့် (၂/၃)အကြားတွင်(၈၀ပေ × ၈ပေ ×၃ ပေ)နှင့် မိုင်တိုင်အမှတ် (၂၁၈) (၄/၆)ကြားတွင် (၁၇၀ ပေ ×၁၀ ပေ ×၁၀ ပေ) ရထားလမ်းပိုင်းတွင်စက်တင်ဘာ ၁၂ ရက် ည နှစ်နာရီ အချိန်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


                      ဖြစ်ပွားရာ နေရာသို့ အောင်လံမြို့နယ် မီးရထား ပို့ဆောင်ရေး ဌာန မှ ဦးတင့်လွင်နှင့် ကိုးပင်ရထားလမ်းတာဝန်ခံ ဦးသန်းဦး ဧကရာဇ်ကျေးရွာမှ ပြည်သူ ၃၇ ဦးဖြင့် မြေပြိုသည့် နေရာတွင် စက်တင်ဘာ ၁၃ ရက် နံနက်ခြောက်နာရီမှ စတင်၍ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ယင်းဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စည်ပင်အမှုဆောင် အရာရှိတို့ သွားရောက် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


0 comments:

Post a Comment

သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)