အောင်လံမြို့တော် - { News Of Aung Lan }

အောင်လူငယ်လေးများဆုံဆည်းရာ

အောင်လံမြို့ပေါ်တွင် CDMA-800 MHZ တန်ဖိုးနည်း Sim Cards များ ရရှိနိုင်တော့မည်

CDMA-800 MHz တန်ဖိုးနည်းမိုဘိုင်းဖုန်း ဝယ်ယူလိုသူများအနေဖြင့် (17/18/19-6-2013)ညနေထိ
ဝယ်ယူလိုသူနှင့် သက်ဆိုင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ လျှောက်လွှာများကို ရုံးချိန်အတွင်း
လက်ခံခေါ်ယူလျက်ရှိကြောင်း သိရသည်။ ယခုတစ်သုတ်တွင် ရောင်းချမည့် ဖုန်းကဒ်နှင့် လျှောက်ထားသူအရေအတွက်အရ
ခွဲတမ်းသတ်မှတ်၍ အောင်လံမြို့ပေါ် ()ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ (သို့မဟုတ်) သက်ဆိုင်သည့်ရပ်ကွက်မှ သတ်မှတ်သည့်နေရာများတွင် မဲနှိုက်စနစ်ဖြင့် ရောင်းချသွားမည်ဟု ခန့်မှန်းရပါသည်။

နောက်ဆက်တွဲသတင်းအရ (21-6-2013)တွင် ရောင်းချမည်ဟု သိရသည်။

အောင်လံမြို့တစ်မြို့လုံးအတိုင်းအတာအရေအတွက် အနေဖြင့် ၃၀၀၀ ရရှိမည်ဟုလည်း သိရှိရသည်..

ယခင်အသုတ်များတွင် မြို့ပေါ်၌ လိုင်းမမိသဖြင့် လိုင်းမိသော ကျေးရွာများကိုသာ ချထားပေးရာမှ ယခု မြို့ပေါ်တွင် လိုင်းမိပြီဖြစ်သောကြောင့် ရပ်ကွက် (၉)ခုလုံး ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် လိုင်းမမိသေးသောမြို့နယ်အတွင်းရှိ အချို့ဒေသများ ကျန်ရှိနေသေးကြောင်းလည်း ကြားသိရပါသည်။

အောက်ဖော်ပြပါ ပုံနှစ်ပုံမှာ လျှောက်လွှာပုံစံဖြစ်ပါသည်.............

                                            ပထမစာမျက်နှာလျှောက်လွှာပုံစံ

                                             ဒုတတိယ လျှောက်လွှာပုံစံ



1 comment:

သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)