မီးပွိုင့်တွေဘာတွေမရှိပေမယ့်
သူ့အချိုးအကွေ့လေးနဲ့သူ အလိုက်တသင့်
ခေတ်ရေစီးကြောင်းမှာ
လိပ်ကိုအရှုံးမပေးရေး
ပြေးလမ်းရှာနေတတ်တဲ့ ယုန်ကလေးပေါ့
မြို့ဟာ ဘယ်တုန်းကမှ
အိမ်တွင်းပုန်း အပျိုမ မဟုတ်ခဲ့ဘူး
အောင်ပွဲပြန်သူရဲကောင်းတို့ရဲ့ ဆိုင်းသံဗုံသံမျိုး
တစ်ခါတစ်လေ နိုးတစ်ဝက်အိပ်မက် မက်တတ်တာကလွဲရင်
ဗိုလ်ရန်နိုင်ကို မမေ့ကြသေးဘူး
မင်းကြီးကတော်ခင်ဆုံကို မမေ့နိုင်သေးဘူး
အညာဒေသရဲ့ တောင်စွန်းမြေ
အပူပိုင်းဒေသရဲ့ တောင်စွန်းမြေ
မကွေးတိုင်းရဲ့ တောင်စွန်းမြေ
မြစ်ရေ၊ ဆည်ရေ၊ တွင်းရေ၊ ကန်ရေ၊ စက်ရေ
ရေမရှားပေမယ့်
ဂြိုဟ်တုစလောင်းပေါ်မှာ သာနေတဲ့ ကျီးကန်း
နားခိုစရာ သစ်ရိပ်ရှာနေတာများ
တဆိတ်..လွမ်းဖွယ်ကောင်းလှပေါ့
ပူလွယ်အေးလွယ် ရွာတန်းရှည်မြို့လေးဟာ
မြေထဲ၊ အာလံ၊ အောင်လံ အရေခွံ(၃)မျိုးကို
ချွတ်လိုက်ခြုံလိုက် လေးကြိမ်ပြု
ငါးကြိမ်မြောက်နာမတော် ဆိုပြီး
အကောင်းဆုံးထက် ကောင်းတဲ့ အရေခွံဟောင်းအောက်
ဝင်ရောက်ခဲ့ပြန်တယ်...။
-- ကိုရင့် --
နှစ်သက်ပါတယ်။
ReplyDelete