" ခေတ်သစ်အောင်လံမြို့"
ခေတ်သစ်အောင်လံမြို့အကြောင်းတော့ အထွေအထူးမရေးတော့ပြီ။ (၁၉၉၅)ခု၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှစ၍ မြေထဲမှ အောင်လံဟု အတည်ပြုပြောင်းလဲခဲ့သည်။ ထိုစဉ်က အောင်လံမြို့ အထိမ်းအမှတ် အဖြစ် အားကစားကွင်းကြီးတွင် နိုင်ငံကျော် အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များ လာရောက် ဖျော်ဖြေကြသည်ကို သတိရနေပါ၏။ မြန်မာ့ရုပ်သံမှလည်း ဂုဏ်ပြုတေးနှစ်ပုဒ်ဖြင့် လွှင့်ထုတ်ဂုဏ်ပြုခဲ့သည်။
အဆိုတော် ဒေါ်ရီရီသန့်က မြန်မာသံစဉ်တေးနှင့် စန္ဒီချစ်စုက စတီရီယိုသံစဉ်တေး။ ဒေါ်ရီရီသန့် ဆိုသွားသော "ထာဝရအမည်မှာအောင်လံဘွဲ့ထူးခံသည်နှင့်လေး" ဟူသောအပိုဒ်ကိုလည်းကောင်း
စန္ဒီချစ်စု၏ "လှစ်ဟဆိုလို့ပြန် ချစ်စရာ့မြို့အောင်လံ" ဟူသော အပိုဒ်ကိုလည်းကောင်း၊ ယနေ့တိုင် ကြားယောင်နေပါသေးသည်။
ရာဇ၀င်ထဲမှာတော့ မြေထဲ၊ ကိုလိုနီခေတ်မှာအာလံ၊ ထိုမှတဖန် အောင်လံဖြစ်လိုက် မြေထဲဖြစ်လိုက်မှ ယခုတော့ အောင်လံဟုပင် ထာဝရအမည်တွင်ခဲ့လေပြီ။မိုးကားအဖုံး မြေကားအထဲဟု ဥဒါန်းပြုခဲ့သော ရာဇ၀င်ထဲက မြေထဲသည် ရာဇ၀င်ထဲဝယ် နေရစ်ခဲ့ရပြီ၊ ရာဇ၀င်ထဲဝယ် ထားရစ်ခဲ့ရပြီ။
အောင်လံဟူသောအမည် တည်ရှိနေသရွေ့ နယ်ချဲ့ကိုလိုနီစနစ်ဆိုးကြောင့်တိမ်မြုပ် ပျောက်ကွယ် ခဲ့ရသော ဘိုးဘေးတို့၏ မြေထဲမြို့ကြီးကို အစဉ်သတိရနေသင့်သည်။ ဘိုးဘေးတို့အခြေတည်ခဲ့ရာ မြေထဲမြို့ကြီး ပျောက်ကွယ်တိမ်မြုပ်ခဲ့ရခြင်း၏ အကြောင်းအရင်းမှာ လူသားအချင်းချင်းကိုမှ ကျွန်ပြုချင်သော နယ်ချဲ့ကိုလိုနီစနစ်ဆိုး၏ စနက်ကြောင့်သာဖြစ်ကြောင်း မှတ်ချက်ပြုချင်ပါတော့၏။
Credit to အောင်လံသုခိတာ
ကျနော့်မှာ ဗဟုသုတနေနဲ့  အကြားသမိုင်းတချို့  တော့ရှိတယ်။ ဥပမာ ကျတော်တို့ ရှိစဉ်က အောင်လံဈေးကြီး ဟာ ယခင်က အင်္ဂလိပ်စစ်ဗိုလ် အာလန်ရဲ့ ခံတပ်ဖြစ်ပါတယ် ။ ယူနီယံဂျက် အလံ ပုံစံမျိုး တည်ဆောက်ထားပါတယ် ။ နောက် စမ်းချောင်းရပ် စက်ရုံရပ်ကွက်တွေ တဝိုက်မှာ အင်္ဂလိပ်မြန်မာ ဒုတိယစစ်သမိုင်းခြေယာများကျန်နေသေးပါတယ် ။
ReplyDeleteအခုလို ကြိုးစားပြီး မိမိမြို့ သမိုင်း မိမိမြို့ ပုံရိပ်ကိုယ် တင်ပြတာ အမျှော်အမြင်ရှိတယ် ။ လေးစားတယ် ။ အကြံညာဏ်ပေးလိုတာက မြို့ သမိုင်း ကိုယ် အတတ်နိုင်ဆုံး တိတိကျကျ ထင်ထင်ရှားရှား ရှာဖွေပြုစုပေးစေလိုတယ် ။ ဥပမာ နယ်ချဲ့ စနစ်ဆိုးလက်အောက်မှာ အမှိုက်ကားဆိုတာရှိသေးတယ် (ဒီတုံးက အာလံမြို့ ပေါ့) ။ ဖဆပလ ခေတ်မှာ အောင်လံမြို့  ၊ ဖဆပလ နဲ့  ပမညတ အငြင်းပွားပြီး လိုအပ်တဲ့ အမှိုက်ကားအရေအတွက် လုံလောက်အောင် မရခဲ့ဘူး (အောင်လံ ဆိုတာ ကွန်မြူနစ်ကပေးတဲ့နာမည်)။ မဆလခေတ်မှ ပိုဆိုးတော့တယ် အောင်လံကနေ မြေထဲဖြစ်လိုက် အောင်လံဖြစ်လိုက်နဲ ။့  အမှိုက်သိမ်းဖို့ ကားမပြောနဲ့  ညစ်ပတ်လိုက်တာ ကိုယ်ထူကိုယ်ထ သန့် ရှင်းရတယ် ။ ကိုယ်လိုနီခေတ်က လူသားအချင်းချင်းကျွန်ပြုတာတော့ အလှန်းဝေးလို့ မသိဘူး ။ မဆလခေတ် နဝတခေတ်မှာတော့ ဒို့ ပြည်သူတွေ ခွေးဖြစ်တာ ကမ္ဘာသိပဲလေ ။
ReplyDelete