ကျနော် မွေးဖွားရာ မကွေးတိုင်းရှိ မြေလတ်ဒေသ။
ပညာရည်နို့ သောက်ခဲ့ရသော ( ဦးချောကျောင်းဟု ယခုအချိန်ထိ နာမည်တွင်နေသော) အမက(၁) ကျောင်း ။ ကျောင်းနားရှိ ဆရာမတစ်ယောက်အမေရောင်းသော မုန့် ပြစ်စလက်မုန့် ။
စိန်ပန်းပင်နီနီများကြားတွင် ၀ံ့ထည်စွာ လှပနေသော ကျနော့၏ အထက(၁) ကျောင်း ။ ကျောင်းသွားရာ လမ်းတလျှောက်တွင် စိမ်းစိုနေသော ကုက္ကိုပင်တန်းများ ။ အမြဲ ပထမရခဲ့သော ကျနော်တို့ သူငယ်ချင်းများအဖွဲ့ ထုတ်စီးတိုးခဲ့ရသော ကျောင်း၏ ဘတ်စကတ်ဘောကွင်းပြင် ။ ကျောင်းရှေ့ မှ ကျယ်ဝန်းလှသော ဘောလုံးကွင်း။
ဘောလုံးကွင်းနားမှ အရသာအရှိဆုံး ဦးသိန်းအကြော်ဆိုင် ။
မနက်တိုင်း မပျက်မကွက် စားခဲ့ဖူးသော အောင်လံ ထမင်းချဉ်။ ဆီချက် ကော်ရည် ဆီကော်။ ပူတီကြွတ်ဟုခေါ်သော ပဲပလာတာ အကြွတ်ကြော်။ ညနေ အစာပြေစားခဲ့ဖူးသော ဆတ်ကြို (သာကူကဲ့သို့ မုန့် ) ။ ဈေးကြီးထဲတွင်ရောင်းသော မုန့်ချမ်းသာ ။ နို့ ထမင်းပြစ်ပြစ် ။ ဆိုက်ကားနှင့်ရောင်းသောကြောင့် ဆိုက်ကားတို့ ဟူး ဟု ယနေ့ ထိတိုင် နာမည်ကြီးနေသော တို့ ဟူးသုပ်နှင့် စိန်ပန်းသုပ် (တို့ ဟူးကို ကြော်ပြီး ပြန်သုပ်ထားခြင်း) ။
အောင်လံရောက်ရင် မမေ့ နဲ့ နော်ဟု ခေါ်တွင်စေသော အိုကေမြေပဲဆားလှော် ။
အိုးလေးဖြင့် ထည့်ရောင်းသော ကျနော်တို့ ၏ အောင်နိမိတ် မလိုင်လုံး။
လက်ရာ အင်မတန်ကောင်းသော အဖောင်း တရုတ်စားသောက်ဆိုင်။
အောင်လံေ၇ွှပုစွန် ဟုခေါ်သော နွေရာသီမှာ ရောင်းသည့် အောင်လံသား အအေးဆိုင်။
မီးလောင်သွားပြီး ယနေ့ ထိတိုင် မပြင်တော့သော ကျနော်တို့ ၏ တခုတည်းသော ရုပ်ရှင်ရုံ။
အပျင်းပြေစီးခဲ့ဖူးသော မြင်းလှည်း။ ထိုမြင်းလှည်းဖြင့် ဗေဒင်မေးဖူးခဲ့သော မန်ကျည်းကုန်းကျောင်း။ တရားထိုင်သည်ဟု အမည်တပ်ပြီး ထိုင်သည့်သူများကို ဘုန်းကြီးမမြင်အောင် နောက်ခဲ့ဖူးသော စိန်စည် သာသနာ့ရိပ်သာ။
ဝါဆိုဝါခေါင်ရေဖောင်ဖောင် သပြေသီးမှည့်ကောက်ရအောင်ဟု ဆိုရိုးအတိုင်း ၀ါဆိုလတွင် လှေဖြင့်ကျောင်းတက်ရသော မန်ကျည်းကုန်းမှ အထက(၂)။
ငါးအကြီးကြီး လိပ်အကြီးကြီးများ ရှိသော ကန်ကြီးမှေ၇လယ်။ ထိုကန်ကြီးအား မေးတင်ထားသော ကျနော့၏ အဒေါ်အိမ်။
တသွင်သွင်စီးဆင်းနေသော ကျနော်တို့ ၏ ဧရာဝတီမြစ်။ ထိုမြစ်တဘက်ကမ်းမှ ကြည့်လျှင် လှမ်းမြင်နေရသော သရက်မြို့ မှ တောင်တန်းများ တငွေ့ ငွေ့ ထွက်နေသော သရက်မြို့ မှ ဘိလပ်မြေစက်ရုံ။ ထုံးကျောက်တောင်များ။ ယခု အင်မတန်ကြီးမားသော သောင်ထွန်းနေသော ကျနော့၏ ဧရာဝတီ။
ဝါဆိုဝါခေါင်ရေကြီးလျှင် ကျနော့ အဖွားအိမ်အထိ ရောက်တတ်သော ကျနော့၏ ဧရာဝတီမြစ်။
မြို့ လယ်ခေါင်မှ ၀ါတွင်းကာလတစ်လျှောက်လုံး ဥပုသ်နေ့ တိုင်း အဘိဓမ္မာ တရားပွဲရှိသော ကျနော်တို့ ၏ ရွှေပြောင်ပြောင်ဘုရား။ လောကနတ်ရုပ်ထုကြီးရှိသော လှေကားထစ်များ ဖြင့် တက်ရသော ကုသိန်နာရုံဘုရား။
မြို့ အထွက်နားမှ ကျနော့အဖေ၏ဇာတိ သို့ သွားရာလမ်း တမာပင်တာခွ ဟုခေါ်သော ဂေါက်ကွင်းရှိသည့် ကုက္ကိုပင်များ စည်တန်းရာလမ်း။
၃နှစ်တကြိမ် ကျင်းပသော ဗုဒ္ဒစွယ်တော် ထုတ်ပွဲ။ လူရိုင်းယိမ်းတွင် အမြဲ ပထမရသော ကျနော့ရပ်ကွက် တရော်ကုန်း။ ဘောလုံးပွဲတိုင်းတွင် အမြဲလိုလို နိုင်တတ်သော ကျနော့ ဦးလေး ပါသော စမ်းချောင်း အသင်း။
တစ်နှစ်တခါ ပွင့်သော ကျနော့အိမ်ရှေ့ မှ ပိတောက်ပင်။ တစ်နှစ်တစ်ခါ မပျက်မကွက်သီးသော ကျနော့အိမ်ရှေ့ မှ သပြေပင်။
ကျနော့မိဘ ဆူသည့်အခါ ကျနော် သွားနေလေ့ ရှိသော ကျနော့၏ အဖွားအိမ်။ အဖွားအိမ်မှ ကျနော်နှင့်ကျနော့အစ်ကို တက်ခဲ့ဖူးသော မာလကာပင်။ ကျောင်းသွားတိုင်းလိုက်ပို့ ပေးသော ကျနော့်ကို ချစ်လှစွာသော ကလေးမရှိသည့် ကွယ်လွန်သွားရှာသည့် ကျနော့၏ အဖိုးအဖွားဝမ်းကွဲ။
ကဆုန်လပြည့်နေ့ တိုင်းတွင် မြို့ လုံးကျွတ် ဆွမ်းခံထွက်ကြသော ဘုန်းကြီးကျောင်းများ သီလရှင်ကျောင်းများ ။ မရှိဆင်းရဲသားများ။ ဆွမ်းဆန်အလှူခံရန် ကြွလာသူတို့ အတွက် အေးချမ်းအောင် နမိတ်ဆောင်ပြီး ရွာသွင်းပေးတတ်သော ကဆုန်လပြည့် မိုး။
ကဆုန်လပြည့်နေ့ တိုင်းတွင် မြို့ လုံးကျွတ် လောင်းလှူကြသော ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား အမှတ်ရခြင်းများစွာဖြင့်။။။။။။။။။။။။။။
မာမာအေးဆိုထားသော ကျနော်တို့ ၏ အသရေမချို့တဲ့ ရွေမြို့အောင်လံ မြို့ အောင်လံ။။။။။။။။။။။။။။။။။။။။။။။။။။
ရေးသားသူ - ချမ်းမြေ့ ရှိန်
စာရေးကောင်းတဲ့ ညီမလေး။ အပြင်မှာလည်း ကျွန်တော် ကျွန်တော် နဲ့  ပြောနေကျ။ စာပေနဲ့  ကိုယ့်မြို့ ကိုယ့်ရွိာု ဂုဏ်ပြုတဲ့ ညီမလေး။ ဒီထက်စာပေနဲ့  အကျိုးပြုနိုင်ပါစေနော်။
ReplyDeleteဖတ်လို့ ကောင်းတယ် ။ အကြောင်းအရာစုံ ပြီး မြို့ ရဲ့မြင်ကွင်းကို ကွက်ခနဲပဲ ။ ကျနော်ကြတော့ တအားဝေးကွာခဲ့တော့ အချို့ အကြောင်းအရာလောက်ပဲ မှတ်မိတာရှိတော့တယ် ။ ဆိုလိုတာ ကျနော်တို့ ငယ်ငယ်တုံးက ဂေါက်ကွင်းလည်းမရှိဘူး ။ ကုသိန္နာရုံမုတ်ဦးမှာ ခြင်္သေ့ကြီး နှစ်ကောင်ပဲသိတယ် ။ လောကနတ်ကတော့ အသစ်ဖြစ်ပုံပေါ်တယ်။ စားသောက်စရာတွေကတော့  မပြောင်းလဲပါသေဘူး ။ ရုပ်ရှင်ရုံက ကျနော်တို့ တုံးကတော့ ၂ရုံရှိတာ ။ သြော် အားလုံး မဟုတ်တောင် ပုံစံအမျိုးမျိုးနဲ့ တော့ ပြောင်လဲကုန်ပြီလေ ။ ကျေးဇူးတင်ပါတယ် ရသစာတန်းရှင်
ReplyDeleteမင်းညိုအောင်