အောင်လံမြို့တော် - { News Of Aung Lan }

အောင်လူငယ်လေးများဆုံဆည်းရာ

အောင်လံမြို့မော်ကွန်း



မြန်မာဘုရင်များ ထီးဖြူအုပ်မိုး စိုးစံတော်မူစဉ် မြန်မာ သက္ကရာဇ် (၁၂၁၄) ခုနှစ်အထိ
မြို့ဝန်မင်း ဦးပို အုပ်ချုပ်သည့် မြေထဲမြို့စီရင်စု လက်အောက်၌ တရော်ကုန်းရွာကလေး
အမည်ဖြင့် တည်နေခဲ့သည်။
မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ်၊ခရစ်သက္ကရာဇ် (၁၈၆၀) ပြည့်နှစ်တွင်ဗြိတိသျှနယ်ချဲ့
စစ်ဗိုလ်မေဂျာ အာလံကျူးကျော်စစ်သိမ်းပိုက် မြို့တည် ပြီးနောက် အာလံမြို့ပာု ခေါ်ဝေါ်
သမုတ်ခဲ့သည်။

မြန်မာသက္ကရာဇ် (၁၃၂၀) ပြည့်နှစ် ခရစ်သက္ကရာဇ် (၁၉၅၈) ခုနှစ်တွင် အာလံမြို့အမည်
မှ အောင်လံမြို့ ပာုခေါ်ဝေါ် သမုတ်ခဲ့သည်။
မြန်မာသက္ကရာဇ် (၁၃၄၇) ပြည့်နှစ် ခရစ်သက္ကရာဇ် (၁၉၈၅) ခုနှစ်တွင် အောင်လံမြို့
အမည်မှ မြေထဲ မြို့ ပာု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
မြန်မာသက္ကရာဇ် (၁၃၅၆) ခရစ်သက္ကရာဇ် (၁၉၉၅) ခုနှစ်တွင် မြေထဲမြို့အမည်မှ
                                                                                           အောင်လံမြို့ ပာုပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

                                                                                                   ကမ္ဘာတည်သရွေ့ အောင်လံမြို့အမည်တွင်စေသောဝ်။

                                                      မြန်မာသက္ကရာဇ် - ၁၃၅၆ ခုနှစ် တပို့တွဲလဆန်း (၁၃) ရက်
                                                      ခရစ်သက္ကရာဇ် - ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်

3 comments:

  1. မှိသလောက်သမိုင်းအစ ကိုအဲဒီ မြန်မာသက္ကရဇ် ၁၂၁၄ ဆိုတော့ ခရစ်ခုနှစ် 1852 လောက်ဖြစ်တယ် ။ မင်းတုံးမင်း ဖြစ်နေပြီ။ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့စာအုပ် မြန်မာ့သမိုင်းမြေပုံများ စာအုပ်ထဲမှာ မန္တလေးမှ မြေထဲ အထိ ကြေးနန်းလမ်းများဖေါက် သည် လို့ ပါတယ်။ တခြား မြန်မာ့သမိုင်းစာအုပ်တခုမှာက သာယာဝတီမင်းလက်ထက်က မြေထဲမြို့ ဝန်က လပ်စားလို့  မင်းတုံးမင်းတက်တော့ အဲဒီမြို့ ဝန်ဟောင်းက အင်္ဂလိပ်နယ်ထဲကို ဝင်သွားတယ်လို ပါတယ် ။ ရှာဖွေကြည့်ကြပါဦး။

    ReplyDelete
  2. င်းတုန်းမင်းသားသည် အရေးတော်အောင်မြင်၍ ထီးနန်းသိမ်းပိုက်လေသည်။ ညီတော် ကနောင်မင်းသားအားလည်း လှိုင်ထိပ်ခေါင်တင်နှင့် စုံဖက်၍ အိမ်ရှေ့အရာ ပေးလေသည်။ အင်္ဂလိပ်တို့လည်း စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုရန် စေလွှတ်လေသည်။ သို့ရာတွင် မင်းတုန်းမင်းက မိမိနှင့်ဖြစ်သော စစ်မဟုတ်၍ လက်မှတ်မထိုးချေ။ အင်္ဂလိပ်တို့လည်း ရခိုင်ဘိုးခေါင်တောင်ထိပ်မှ မြေထဲ (အောင်လံမြို့) မြောက်ဘက် ၆ မိုင်ကွာ နယ်ခြားအဖြောင့်အတိုင်း တောင်ဘက်တလွှားကို သိမ်းယူလေသည်။ ၁၂၁၅ ခုနှစ်တွင် ယိုးဒယားက ကျိုင်းတုံကို ထိပါးလာသဖြင့် တိုက်ခိုက်နှိမ်နင်းရလေသည်။ မြန်မာတို့က ပဲခူးနယ်ကို ပြန်ပေးရန် အိန္ဒိယဘုရင်ခံချုပ်အထိ သွားရောက်အရေးဆိုသော်လည်း နယ်ချဲ့လို၍ ရန်စစ်ပြုသော အင်္ဂလိပ်တို့က ပြန်၍ မပေးအပ်ချေ။ - လို့ ပါတယ် ။
    http://myanmarthway.blogspot.com/2010/01/blog-post_9443.html

    ReplyDelete
  3. ဝက်ထီးကန်တွင် အပြင်းအထန် တိုက်ခိုက်ပြီးနောက် ဗိုလ်ချုပ် ကင်းဘဲလ် ဦးစီးသည့် အင်္ဂလိပ် တပ်များသည် ပြည်မြို့မှ ဆက်လက်၍ မြေထဲသို့ ဒီဇင်ဘာ ၇ ရက်တွင် ရောက်သည်။ မြေထဲ (အောင်လံ)မှ ဆက်လက် ချီတက် ပြန်ရာ ဒီဇင်ဘာ ၂၅ ရက်တွင် ဆင်ပေါင်ဝဲ အထက် လွန်ချီသို့ ရောက်သည်။ လွန်ချီမှ ဆက်လက်၍ ပတ္တနဂိုလ်သို့ ရောက်ရှိသည်။ ပတ္တနဂိုလ်တွင် တစ်ဖက် ကမ်းရှိ မလွန်၌ မြန်မာ တပ်မတော် အင်အား ၄၅ဝဝ ခန့် တပ်စွဲ ထားသည်။ ပတ္တနဂိုလ်တွင် တပ်ချ ရပ်နားနေစဉ် ဗိုလ်ချုပ် ကင်းဘဲလ်၏ ကမ်းလှမ်းချက် အရ သတိုး မင်းကြီး မဟာမင်းခေါင်၊ ကျီဝန်ကြီးနှင့် ဝန်ကြီးမင်းကြီး သီရိမဟာ ဥဇနာ၊ ကောလင်း မြို့စား ဝန်ကြီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် ဗိုလ်ချုပ် ကင်းဘဲလ် ခေါင်းဆောင်သော အင်္ဂလိပ် ကိုယ်စားလှယ် အဖွဲ့သည် ဧရာဝတီ မြစ်လယ်၌ ဖောင်ဖွဲ့ကာ စစ်ပြေ ငြိမ်းရေး ကိစ္စ ဆွေးနွေး ကြသည်။ ယင်းဆွေးနွေးပွဲသည် အောင်မြင်မှု မရရှိသဖြင့် အင်္ဂလိပ် တပ်များက မလွန် ခံတပ်ကို တိုက်ခိုက်သည်။ အပြင်းအထန် တိုက်ခိုက် ကြပြီးနောက် မလွန် ခံတပ်ကို အင်္ဂလိပ်တို့၏ သိမ်းပိုက်ခြင်း ခံရသည်။ မြန်မာ တပ်များ မလွန်မှ ပုဂံသို့ ဆုတ်ပြီးနောက် ပုဂံမှ ခံစစ်ပြု၍ ခုခံ ကြိုးပမ်း သော်လည်း မအောင်မြင်ချေ။- - - - - -
    http://www.myawady.net.mm/library/series/item/950-2012-12-06-09-32-42

    ReplyDelete

သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)