မြန်မာနိုင်ငံအနှံ့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းလုပ်ငန်းများ နယ်လှည့်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မေလအတွင်းတွင် ၎င်းပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လှည်းကူး၊ တွံတေး၊ မန္တလေးတိုင်း ဒေသကြီးတွင် မိုးကုတ်၊ ၀မ်းတွင်း၊ နွားထိုးကြီး၊ မြစ်သား၊ ရှမ်းပြည်နယ်တွင် ရပ်စောက်၊ ဖယ်ခုံ၊ ကွန်ဟိန်း၊ သိန္ဒီ၊ နမ္မတူ၊ မိုင်းတုံ၊ မိုင်းဆတ်၊ ကချင်ပြည်နယ်တွင် ၀ိုင်းမော်၊ ဖားကန့်၊ ချင်းပြည်နယ်တွင် ဖလမ်း၊ တီးတိန်တို့တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကနီ၊ အင်းတော်၊ ကသာ၊ ဗန်းမောက်၊ ထီးချိုင့်၊ ၀က်လက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းစု၊ ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦး၊ မင်းလှ၊ ကျောက်ကြီး၊ မကွေးတိုင်းဒေသကြီးတွင် တောင်တွင်းကြီး၊ မြို့သစ်၊ မြိုင်၊ ပေါက်၊ ဆော၊ ကန်ပက်လက်၊ပွင့်ဖြူ၊ အောင်လံ၊
ရခိုင်ပြည်နယ်တွင် သံတွဲ၊ တောင်ကုတ်၊
ဧရာဝတီတိုင်း ဒေသကြီး တွင် မြောင်းမြ၊ ညောင်တုန်း၊ မြန်အောင်၊ ကြံခင်းတို့၌ ဆောင်ရွက်ပေးမည်ဟုသိရသည်။ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စသည့် ယာဉ်အမျိုးအစားအလိုက် သက်တမ်းကာလများကို သက်ဆိုင်ရာက သတ်မှတ်ထားပြီးဖြစ်သည်။ ယာဉ်မောင်းလိုင်စင် အမျိုးအစားအလိုက် မောင်းနှင်ခွင့်ရှိသည့် ယာဉ်အမျိုးအစားများကိုလည်း သတ်မှတ်ထားပြီးဖြစ်ကာ အဆိုပါ မောင်းနှင်ခွင့်ရှိသည့် ယာဉ်အမျိုးအစား၊ လိုင်စင်သက်တမ်းကာလများကိုလည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ယန္တရားများ၏ ကနဦးမှတ်ပုံတင်သက်တမ်းနှင့် နှစ်လဲသက်တမ်းသတ်မှတ်ချက်များတွင် ဖော်ပြချက်အရ နောက်တွဲယာဉ်များအား ကနဦးသက်တမ်းကာလ တစ်နှစ်၊ နှစ်လဲသက်တမ်းကာလ တစ်နှစ်နှင့် စက်ယန္တရားများအား ကနဦးသက်တမ်းကာလ တစ်နှစ်၊ နှစ်လဲသက်တမ်းကာလ တစ်နှစ်သတ်မှတ်ထားကြောင်း သိရသည်။ ၎င်းအပြင် လူစီးမော်တော်ယာဉ်များအားလည်း ကနဦးသက်တမ်းကာလ တစ်နှစ်၊ နှစ်လဲသက်တမ်းကာလ တစ်နှစ်သတ်မှတ်ထားကြောင်း၊ လူစီးမော်တော်ယာဉ် (Brand New ဖြစ်ပါက ရောက်ရှိသည့်ခုနှစ်မှ သုံးနှစ်အတွင်းယာဉ်) များအား ကနဦး သက်တမ်းကာလ ၃ နှစ်နှင့် နှစ်လဲသက်တမ်းကာလ ၁ နှစ် (အငှားယာဉ်နှင့် စီးပွားရေးလုပ်ငန်းသုံးယာဉ်များမပါ) သတ်မှတ်ပေးထားကြောင်း သိရသည်။
News from Internet Journal
0 comments:
Post a Comment
သင့်ရဲ့ အမြင် နဲ့ ယူဆ ချက်ကို အောက်မှာ ချရေးလိုက်ပါ ... >3 :)