(ဦးအောင်ရင်+ဒေါ်မိုးသဉ္ဖာမြ
(ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၁ နာရီက သရုပ်ဆောင် မိုးအောင်ရင် တည်တဲ့ နဂါးရုံ ဘုရား ထီးတော်တင်ပွဲကို အောင်လံမြို့ နယ်ရှိ ကျောက်ဖြူ တောင်စေတီ ပရဝဏ် အတွင်းမှာ ကျင်းပခဲ့ပါ တယ်။ မိုးအောင်ရင်နဲ့ မိခင် ဖြစ်သူ ဒေါ်မိုးသဉ္ဇာမြင့်တို့ သားအမိက သံဃာတော်များအား အရုဏ်ဆွမ်း နဲ့ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ ပြီး ဧည့် ပရိသတ်များကို ထမနဲများ ဝေငှလှူဒါန်းခဲ့ ပါတယ်။ ဘုရားဒကာ မိုးအောင်ရင်က ''ဒီ ဘုရားကို လွန် ခဲ့တဲ့ လေးနှစ်၊ မင်းသား မဖြစ်ခင် ကတည်းက ရည်စူးပြီး တည်ချင်ခဲ့ တာပါ။ ကျွန်တော့်အမေက တရား စခန်းဝင်ရင်း ခင်လာတဲ့ သူ့သူငယ် ချင်းနဲ့ ဒီဒေသမှာ ဘုရားဆင်းတု တွေ သွားလှူဖို့ စီစဉ်နေတာတွေ့ရ တော့ ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံ ကိုးထောင်ထုတ်ပေးပြီး ဘုရားတည် ချင်တယ်လို့ အမေ့ကို ပြောခဲ့တယ်။ အမေက ပိုက် ဆံယူသွားတယ်။ အဲဒီ ကနေ အခုလို သရုပ်ဆောင်ဘဝနဲ့ ပိုက်ဆံရှာလာနိုင်တော့ ဆက်ပြီး တည်ခဲ့တာပါ။ ဗုဒ္ဓဘာသာဝင် တစ် ယောက်အနေနဲ့ရော၊ ကျွန်တော့် အသက်အရွယ်နဲ့ အခုလို အောင် မြင်စွာ ဘုရားတည်နိုင်ခဲ့တာကို စိတ်ထဲမှာ အရမ်းပျော်နေမိပါ တယ်။ အဖေနဲ့ ညီမလေးက ပြည်ပ ခဏ ရောက်နေကြတော့ ကျွန်တော် တို့ သားအမိပဲ ကျေးရွာကလူတွေ အကူအညီနဲ့ ထီးတော်တင်ပွဲ ကျင်း ပခဲ့တာပါ'' လို့ ပြောပြခဲ့ပါတယ်။)
News from Popular News
တခုခု ဟာနေတယ် ။ မိုးအောင်ရင်ဆိုတာ လူတိုင်းသိမယ်မထင်ဘူး ။ ဥိးလေးတော့မသိဘူး ။ ရုပ်ရှင်မင်းသားလား? သတင်းအသစ်တွေဖတ်ရတော့ အားရတယ်ကွာ-
ReplyDeleteဦးညို
မိုးအောင်ရင်ဆိုတာ ရုပ်ရှင်မင်းသားပါခင်ဗျာ..မြန်မာနိုင်ငံမှာတော့ သူ့ကို သိကြပါတယ်..ရုပ်ရှင်မင်းသား အောင်ရင် ရဲ့ သားပါခင်ဗျာ....
Delete