အောင်လံမြို့တော် - { News Of Aung Lan }

အောင်လူငယ်လေးများဆုံဆည်းရာ

အောင်လံသမိုင်း ၄ (ခေတ်သစ်အောင်လံမြို့)

                                     
                                        
                                                " ခေတ်သစ်အောင်လံမြို့" 

   ခေတ်သစ်အောင်လံမြို့အကြောင်းတော့ အထွေအထူးမရေးတော့ပြီ။ (၁၉၉၅)ခု၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှစ၍ မြေထဲမှ အောင်လံဟု အတည်ပြုပြောင်းလဲခဲ့သည်။ ထိုစဉ်က အောင်လံမြို့ အထိမ်းအမှတ် အဖြစ် အားကစားကွင်းကြီးတွင် နိုင်ငံကျော် အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များ လာရောက် ဖျော်ဖြေကြသည်ကို သတိရနေပါ၏။ မြန်မာ့ရုပ်သံမှလည်း ဂုဏ်ပြုတေးနှစ်ပုဒ်ဖြင့် လွှင့်ထုတ်ဂုဏ်ပြုခဲ့သည်။

အောင်လံသမိုင်း ၃

သမ္ဘာဝညီနောက်တို့သည် စက္ခုနှစ်ကွင်းအလင်းရသည့်အခါ လောကဓါတ်တစ်ခွင်အား ဆင်ခြင်ကြည့်ရှုပြီး မိုးကြီးကကုန်းပြီး မြေကြီးထဲဝင်သွားပေသည်(မိုးကားအဖုံး မြေကားအထဲ)ဟု မှတ်ချက်ချ ဥဒါန်းပြုခဲ့သည်ကို အကြောင်းပြု၍ မိုးဖုံးမြေထဲ အရပ်ဟု ဖြစ်ပေါ်လာခဲ့ပေသည်။ ထို့နောက် ဘီလူးမအားဖောင်ပေါ်မှ နှင်ချ ခဲ့ပေသည်။ ထိုအချိန်တွင် ဘီလူးမ၀ယ်ညီနောင်နှစ်ပါးတို့နှင့်ငြိစွန်းခဲ့သော ကိုယ်ဝန်ကိုလွယ်ထားခဲ့ပေသည်။ ဘီလူးမသည် မကျေမချမ်းနှင့်ပင် ဖောင်ပေါ်မှ ဆင်းခဲ့ရပြီး တောင်ကုန်းတစ်ခုပေါ်သို့ ရောက်သောအခါ

အောင်လံသမိုင်း ၂

                             
                                          "စကု၊ စလင်းနှင့် မြန်မာလင်းချောင်းဒေသ" 

   ရာဇ၀င်အရ ပြောရမည်ဆိုပါလျှင် တကောင်းမင်း၏ မိဖုရား ကိန္နရဒေ၀ီသည် နဂါးငွေ့သင့်သဖြင့် စက္ခုနှစ်ကွင်းအလင်းမရသောသမ္ဘ၀ညီနောက်ကို ဖွားမြင်ခဲ့ပါသည်။ နန်းရပ် ထီးဖြူနှင့် မသင့်လျှော် သောကြောင့် မသိုးထမင်း၊ မသိုးဟင်းများ စီမံထည့်သွင်းပြီး ဖောင်ပေါ်တင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း မျှောလိုက်လေသည်။ .....

အောင်လံမြို့သမိုင်း ၁



တကောင်းရာဇ၀င်မှအစပြု၍ မြေထဲ ဟုအမည်တွင်ခဲ့သည်။ ရာဇ၀င်အဆက်ဆက်တွင်လည်း မြေထဲအရပ်၊မြေထဲရွာဟု သုံးနှုန်းခဲ့ကြသည်။ ဘိုးတော်ဘုရား အိမ်နိမ့်စံစဉ်က အိမ်တော်ပါ ကျွန်ရင်းဖြစ်သော ငမြတ်ထင်က "ဆီအိုင်အိုင်ကလေးနှင့် ဟင်းကောင်းကောင်းကလေးတစ်ခွက် ချက်ချင်လှပါသည်" ဟုဆိုခဲ့ဖူးသောကြောင့်ထီးနန်းရသောအခါ ငမြတ်ထင်အား ဆီကောင်း နှမ်းကောင်းထွက်သော မြေထဲအရပ်ကိုစားစေခဲ့ကြောင်း မှတ်သားခဲ့ရဖူးပါသည်။