အောင်လံမြို့တော် - { News Of Aung Lan }

အောင်လူငယ်လေးများဆုံဆည်းရာ

မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ သက်ကြီး ပူဇော်ပွဲနှင့် ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲ ကျင်းပ

အောင်လံ (နိုဝင်ဘာ ၃ )။

အောင်လံမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ သက်ကြီးပူဇော်ပွဲနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို)မှ
၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာထောက်ပံ့ကြေး (ထပ်ဆင့်)ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ(၃)ရက်နေ့ကအောင်လံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဤသို့ ကျင်းပရာတွင် နံနက်(၁၀:၀၀)နာရီအချိန်၌ အသက်(၇၀)အထက် စစ်မှုထမ်းဟောင်း (၃၃)ဦးတို့အား
တစ်ဦးလျှင် ငွေ(၁၀၀၀၀ိ/-) ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ပြီး ၊ နေ့လည် (၂း၀၀)နာရီ အချိန်တွင် ပညာသင်ထောက်ပံကြေးငွေ
ပေးအပ်ပွဲ ကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ (ဗဟို)မှ ထောက်ပံ့သော ပညာသင်ထောက်ပံ့ကြေးငွေ (၄၂၅၀၀၀ိ/-)ကျပ်ကို စစ်မှုထမ်းဟောင်း သား/သမီး ကျောင်းသား/သူ (၃၀)ဦးတို့အား လည်းကောင်း အောင်လံမြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့မှ စည်းရုံးရေး ကော်မတီဝင် သား/သမီး ကျောင်းသား/သူ (၇၂) ဦးတို့အား (၄၂၆၂၀၀၀ိ/-)ကျပ်တို့ကိုလည်းကောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အောင်လံမြို့တွင် ကျင်းပမည့် စာရေးဆရာ အသင်းနှင့် ပရဟိအသင်းများ စုပေါင်း စီစဉ်ကျင်းပသည့် လူငယ်နှင့် အနာဂတ် ရည်မှန်းချက် စာပေဟောပြောပွဲ



နေ့ရက် - (15/16/17 - 11 -2013)
တည်နေရာ-ကုသိနာရုံဘုရားကြီးစောင်းတန်း၊ပြည်လမ်း၊စမ်းချောင်းရပ်ကွက် ၊အောင်လံမြို့
အချိန် - ညစဉ် ၇း၃၀ အချိန်တွင် စတင်ဟောပြောပါမည်။
ဟောပြောမည့်ဆရာ/မ များ -

* ဆရာဦးဘုန်း (ဓာတု)
* ဆရာမ ဒေါ်သန်းမြင့်အောင်
* ဆရာကျော်ဝင်း
* ဆရာမောင်သာချို
* ဆရာကောက်နွယ်ကနောင်
* ဆရာမြေလတ်မောင်မြင့်သူ
* ဆရာညီမင်းညို

အောင်လံ - တောင်တွင်း ရထားလမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

စက်တင်ဘာ ၁၆။




                    အောင်လံ- တောင်တွင်းရထားလမ်းပိုင်းရှိဧကရာဇ်ရဲစခန်းအနောက်မြောက်ဘက် ဧကရာဇ်ကျေးရွာနှင့်ထောက်မ ကျေးရွာအုပ်စု၊ဂွေးချိုကျေးရွာ ကြား ခန့်မှန်း မ.ပ.ည (GS 430675 မိုင်တိုင်အမှတ် ၂၁၈ နှင့် (၂/၃)အကြားတွင်(၈၀ပေ × ၈ပေ ×၃ ပေ)နှင့် မိုင်တိုင်အမှတ် (၂၁၈) (၄/၆)ကြားတွင် (၁၇၀ ပေ ×၁၀ ပေ ×၁၀ ပေ) ရထားလမ်းပိုင်းတွင်စက်တင်ဘာ ၁၂ ရက် ည နှစ်နာရီ အချိန်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


                      ဖြစ်ပွားရာ နေရာသို့ အောင်လံမြို့နယ် မီးရထား ပို့ဆောင်ရေး ဌာန မှ ဦးတင့်လွင်နှင့် ကိုးပင်ရထားလမ်းတာဝန်ခံ ဦးသန်းဦး ဧကရာဇ်ကျေးရွာမှ ပြည်သူ ၃၇ ဦးဖြင့် မြေပြိုသည့် နေရာတွင် စက်တင်ဘာ ၁၃ ရက် နံနက်ခြောက်နာရီမှ စတင်၍ ၀ိုင်းဝန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ယင်းဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စည်ပင်အမှုဆောင် အရာရှိတို့ သွားရောက် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အောင်လံမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေး ဟောပြောပွဲကျင်းပ

စက်တင်ဘာ ၃။

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ရထားပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သရက်ခရိုင်ရုံးမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲ တစ်နာရီက အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် သရက်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ (စစ်ဆေးရေးမှူး-၃)
ဦးဌေးဝင်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တ၀င့် ရှင်းလင်း ဆွေးနွေးပြီး လမ်းညွှန်အမှတ်အသားများ
နှင့်တကွ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အောင်လံ မြို့

အောင်လံ မြို့

ဧရာဝတီရဲ့ မေးဖျားမှာ
မှဲ့ တစ်လုံး တပ်ထားတဲ့ မြို့ကလေး.....

ဥတုသုံးလီပီပြင် လွန်းတဲ့
သြယ္လ်လ်

ဆယ့်နှစ်လရာသီ အလှူ
ပွားများလှတဲ့  မြို့ကလေး........

ကူးသန်းရောင်းဝယ် ကုန်စည်လည်ပတ် အဆင်ပြေတဲ့  မြို့ကလေး......:.:

စားကုန် သောက်ကုန် မြို့ပြနဲ့မခြား
ပေါများလှတဲ့ မြို့ကလေး...........

ချိန်စည်းဆာ ရဲ့ တိမ်ပန်းချီအလှ
ရှု့ မောရတဲ့  မြို့ကလေး........

တောရိပ် တောင်ရိပ် ထန်းညိုရိပ်နဲ့
လွမ်းဆွတ်ဖွယ်ကောင်းတဲ့  မြို့ကလေး........

ရိုးရာ သနပ်ခါး ခပ်ပါးပါးနဲ့
ဧရာဝတီကို ငုံ့သောက်
ရာဇဝင် ပြောက်ခဲ့ ရတဲ့ မြို့ ကလေး .....

အခုတော့..............................
ဖွံ့ဖြိုး မှု့. တွေနဲ့အတူ
အလှပန် ဘဝပန် ဓနဘဏ်တွေနဲ့ အတူ တသွေး တမွေး လှလာလိုက်တာ အပျို မလေးတယောက်လို
သူစိမ်း တွေရဲ့ မျက်လုံး ထဲရုန်းမရအောင် မိလို့..

လောကဒဏ် ရဲ့ ရိုက်ချက်ကြောင့်
ခြေကန်ထွက်ခဲ့ရသူတွေအတွက်တော့ နေညိုချိန်တိုင်း လွမ်းရပြီပေါ့...

ညို့မျက်ဝန်းတွေနဲ့
ရင်ဘတ်ထဲက မြို့ လေးရေ.........

ငါတို့...................
ဘယ်တွေပဲရောက်ရောက်.....
ဘာတွေပဲလုပ်လုပ်.....
ဘယ်လောက်ပဲဝေးဝေး.....
ဘယ်တော့မှမဝေးကြေး..........

ရေးသားသူ - Myat Ko Ko